ဆားဘီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး/သံရုံးယာယီတာဝန်ခံက ဆားဘီးယား နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှ၊ ဩစတြေးလျနှင့် ပစိဖိတ်ဒေရေးရာ ဦးစီးဌာန အကြီးအကဲအား သွားရောက်တွေ့ဆုံ
(၂၇-၂-၂၀၂၆၊ ဘဲလ်ဂရိတ်)
မြန်မာသံရုံး၊ ဘဲလ်ဂရိတ်မြို့ရှိ သံအမတ်ကြီး/သံရုံးယာယီတာဝန်ခံ ဦးသန်းထွေးသည် ၂၇-၂-၂၀၂၆ ရက်၊ (သောကြာနေ့)၊ ၁၁:၀၀ နာရီအချိန် ဆားဘီးယားနိုင်ငံခြားရေးဝန်ကြီးဌာနသို့ သွားရောက်၍ အာရှ၊ ဩစတြေးလျနှင့် ပစိဖိတ်ဒေရေးရာဦးစီးဌာန အကြီးအကဲ Mrs. Jelena Markovic Krsticနှင့် တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို ဆက်လက်ထိန်းသိမ်းရေး၊ နိုင်ငံအကြား စီးပွားရေး၊ ပညာရေးနှင့် သံတမန်ဆက်ဆံရေးတို့တွင် ပိုမိုတိုးမြှင့် ဆောင်ရွက် သွားရေး၊ လွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်သွားရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။ သံအမတ်ကြီး/ သံရုံးယာယီတာဝန်ခံ ဦးသန်းထွေးမှ မြန်မာနိုင်ငံတွင် နိုင်ငံရေး ဖြစ်ပေါ်တိုး တက် မှုများနှင့် မြန်မာနိုင်ငံ၌ အောင်မြင်စွာကျင်းပပြီးစီးခဲ့သည့် အထွေထွေရွေးကောက်ပွဲ အခြေအနေ များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
****************************
Ambassador/ Charge d’ Affaires of Myanmar Embassy to Serbia pays Courtesy Call on Head of Asia, Australia and Pacific Department of the Ministry of Foreign Affairs of Serbia
(27-2-2026, Belgrade )
Ambassador / Charge d’ Affaires of the Embassy of the Republic of the Union of Myanmar to the State of Serbia U Than Htwe paid Courtesy Call on Mrs. Jelena Markovic Krstic, Head of Asia, Australia and Pacific Department of the Ministry of Foreign Affairs of the Republic of Serbia at 11:00 hrs on 27 February 2026.
During the meeting, the two sides held cordial and constructive discussion on sustaining and further consolidating the longstanding bonds of friendship between Myanmar and Serbia, and on broadening mutually beneficial cooperation across the economic, educational, and diplomatic spheres. He also also provided a comprehensive briefing on the recent political developments in Myanmar, as well as on the successful conduct of all three phases of the General Elections held in Myanmar.