ကော်မရှင်သည် ရွေးကောက်ပွဲများ ကျင်းပမည့်နေ့ရက် သို့မဟုတ် နေ့ရက်များကို ကြေညာပြီးလျှင် ပြီးချင်း အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေ သူများအနက် ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူများထံသို့ ဖြန့်ဖြူးနိုင်ရန် ပုံစံ(၁၅)ကို နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ပေးပို့ရမည်။ နိုင်ငံခြားရေး ဝန်ကြီးဌာနသည် ယင်းပုံစံ များကို သက်ဆိုင်ရာ သံရုံး၊ အမြဲတမ်း ကိုယ်စားလှယ်ရုံးနှင့် ကောင်စစ်ဝန်ရုံး အသီးသီးသို့ ပေးပို့ရမည်။ သက်ဆိုင်ရာ သံရုံးအကြီးအမှူး၊ အမြဲတမ်း ကိုယ်စားလှယ်ရုံး အကြီးအမှူး သို့မဟုတ် ကောင်စစ်ဝန်ရုံး အကြီးအမှူးသည် အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသူများ အနက် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ ထံသို့ ယင်းပုံစံများကို ဖြန့်ဖြူးသည့် အခါ မိမိထံသို့ မည်သည့် နေ့ရက်အရောက် ဖြည့်စွက် ပေးပို့ရမည် ဖြစ်ကြောင်းကိုပါ တစ်ပါတည်း အကြောင်းကြားရမည်။ [နည်းဥပဒေ ၅၇ (က)]

အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသူများ အနက် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများသည် လက်ခံရရှိသော ပုံစံများတွင် ဖြည့်သွင်း၍ သက်ဆိုင်ရာ သံရုံးအကြီးအမှူး၊ အမြဲတမ်း ကိုယ်စားလှယ်ရုံး အကြီးအမှူး သို့မဟုတ် ကောင်စစ်ဝန်ရုံး အကြီးအမှူးထံသို့ ပြန်လည်ပေးပို့ရမည်။ သက်ဆိုင်ရာ သံရုံးအကြီးအမှူး၊ အမြဲတမ်း ကိုယ်စားလှယ်ရုံး အကြီးအမှူး သို့မဟုတ် ကောင်စစ်ဝန်ရုံး အကြီးအမှူးသည် ယင်းပုံစံများကို စိစစ်၍ နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့ ရမည်။ နိုင်ငံခြားရေး ဝန်ကြီးဌာနသည် ယင်းသို့ ပြန်လည်ပေးပို့သည့် ပုံစံများကို ကော်မရှင်သို့ လွှဲအပ်ရမည်။ ကော်မရှင်သည် ယင်းပုံစံများကို စိစစ်၍ သက်ဆိုင်ရာ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများ ထံသို့ ပေးပို့ရမည်။ [နည်းဥပေဒ ၅၇(ခ)]

မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများသည် လက်ခံရရှိသော ပုံစံများကို သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲသို့ ဆက်လက် ပေးပို့ရမည်။ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲသည် ယင်းပုံစံများကို စိစစ်၍ နိုင်ငံပြင်ပရောက် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ၏ စာရင်းကို ပုံစံ(၁) ဖြင့် သီးခြား ရေးမှတ်ထားရမည်။ ယင်းစာရင်း မိတ္တူတစ်စောင်ကို မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲသို့ ပေးပို့ရမည်။[နည်းဥပဒေ ၅၇ (ဂ)]

ပုံစံ ၁၅ ကို Download လုပ်ရန်