Chargé d’ Affaires/ Ambassador of Myanmar Embassy to Serbia attends the Luncheon hosted by the Prime Minister of the Republic of Serbia
(9-7-2026, Belgrade )
U Than Htwe, Chargé d’ Affaires/ Ambassador of the Embassy of the Republic of the Union of Myanmar in Belgrade, attended the luncheon hosted by H.E. Mr. Duro Macut, Prime Minister of the Republic of Serbia, at the Tolstoy Members Club on 8 July 2026.
During the luncheon, the Prime Minister expressed his sincere appreciation to the Ambassadors and Heads of Mission for their countries’ consistent support for the Government of Serbia. He also reaffirmed Serbia’s commitment to maintaining cordial relations and further strengthening cooperation with their respective countries.
ဆားဘီးယားနိုင်ငံဆိုင်ရာ သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီးသည် ဆားဘီးယားသမ္မတနိုင်ငံ ဝန်ကြီးချုပ်မှ တည်ခင်းဧည့်ခံသည့် နေ့လယ်စာ စားပွဲသို့ တက်ရောက်ခဲ့ခြင်း
(၉-၇-၂၀၂၆၊ ဘဲလ်ဂရိတ်)
မြန်မာသံရုံး၊ ဘဲလ်ဂရိတ်မြို့မှ သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးသန်းထွေးသည် ဆားဘီးယားသမ္မတနိုင်ငံ၊ ဝန်ကြီးချုပ် HE. Mr. Duro Macut က ၈-၇-၂၀၂၆ ရက် (ဗုဒ္ဓဟူးနေ့) Tolstoy Members Club ၌ တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ ပါဝင်တက်ရောက်ခဲ့ ပါသည်။
အဆိုပါ နေ့လည်စာစားပွဲ၌ ဝန်ကြီးချုပ်က ဆားဘီးယားနိုင်ငံအစိုးရအပေါ် စဉ်ဆက်မပြတ် ထောက်ခံအားပေးခဲ့ကြသည့်အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ဆားဘီးယား နိုင်ငံအနေဖြင့် သက်ဆိုင်ရာနိုင်ငံများနှင့်် ရင်းနှီးချစ်ကြည်သော ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းသွားရန်နှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်သွားရန် ကတိကဝတ်ပြုထား ကြောင်းကိုလည်း ထပ်လောင်း အတည်ပြု ပြောကြားခဲ့သည်။