ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်နှင်ထုတ်ခဲ့သော ဘင်္ဂါလီလူမျိုးများအား မြန်မာနိုင်ငံ နယ်ခြားစောင့် ရဲတပ်ဖွဲ့က လက်ခံထားသည်ဆိုသောသတင်းမှာ မှန်ကန်မှုမရှိမှန်ကန်မှုမရှိ

နေပြည်တော် ဧပြီ ၂၃

မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့အနေဖြင့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့က မြန်မာနိုင်ငံ ဘက်သို့ ပြန်လည်နှင်ထုတ်ခဲ့သော ဘင်္ဂါလီလူမျိုးများအား တားဆီးပိတ်ပင်မှုမရှိဘဲ လက်ခံခဲ့သည် ဆိုသောသတင်းမှာ မှန်ကန်မှုမရှိဘဲ သတင်းမှားသာဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်း ထုတ်ပြန်ခဲ့သည်။

၂၀၁၆ ခုနှစ်၊ ဧပြီလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံမှ ဘင်္ဂါလီလူမျိုး ၃၄၀ အား ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့က ဖမ်းဆီးရမိပြီး ဓါတ်ပုံ မှတ်တမ်းတင်၍ မြန်မာနိုင်ငံဘက်သို့ ပြန်လည်နှင်ထုတ်ခဲ့ရာတွင် မြန်မာနိုင်ငံနယ်ခြားစောင့် ရဲတပ်ဖွဲ့အနေဖြင့် တားဆီးပိတ်ပင်မှုမရှိဘဲ လက်ခံခဲ့ကြောင်း ပြည်ပသတင်းဌာနများက ပုံနှင့်တကွ ဖော်ပြခဲ့မှုအပေါ် လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိသဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့က စိစစ်၍ ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၌ အစိုးရအဖွဲ့သစ် စတင်တာဝန်ယူသည့် အချိန်ကာလတွင် ယခုကဲ့သို့ တည်ငြိမ်မှုပျက်ပြားစေရန် လှုံ့ဆော်ရာရောက်သည့် သတင်းမျိုးအား စိစစ်မှုမရှိဘဲ မှားယွင်းဖော်ပြ ခြင်းမှာ သင့်လျော်မှုမရှိကြောင်း တုံ့ပြန်ဖော်ပြမှုများလည်း လူမှုကွန်ရက်စာမျက်နှာများတွင် တွေ့ရှိ ရသည်။

သတင်းစဉ် (“မြန်မာအလင်း” တနင်္ဂနွေ၊ ဧပြီ ၂၄၊ ၂၀၁၆)

Police refute Bangalis news report

THE Myanmar Police Force refuted yesterday the news report about Bangladesh’s border guard deporting at least 340 Muslim Myanmar nationals.

The announcement of the MPF came one day after the news report spread online.

The news report said the Bangalis were returned to Myanmar with no obstruction from the border guard force of Myanmar.

Meanwhile, social media responded to the news report, denouncing the news for being released without scrutinizing the possible consequences of disrupting the stability of the country during the early days of the new government. – MNA (“The Global New Light of Myanmar” Sunday April 24, 2016)