ဆားဘီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး/သံရုံးယာယီတာဝန်ခံက ဆားဘီးယားနိုင်ငံခြားရေး ဝန်ကြီးဌာန၊ သံတမန်ရေးရာဦးစီးဌာန အကြီးအကဲအား သွားရောက်တွေ့ဆုံ
(၁၃-၃-၂၀၂၆၊ ဘဲလ်ဂရိတ်)
မြန်မာသံရုံး၊ ဘဲလ်ဂရိတ်မြို့ရှိ သံအမတ်ကြီး/သံရုံးယာယီတာဝန်ခံ ဦးသန်းထွေးသည် ၁၃-၃-၂၀၂၆ ရက်၊ (သောကြာနေ့)၊ ၁၁:၀၀ နာရီအချိန် ဆားဘီးယားနိုင်ငံခြားရေးဝန်ကြီးဌာနသို့ သွားရောက်၍ သံတမန်ရေးရာဦးစီးဌာန အကြီးအကဲ Mr. Branko Radovanovic နှင့် တွေ့ဆုံခဲ့ ပါသည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ပိုမိုမြှင့်တင်ရေး၊ နိုင်ငံတကာမျက်နှာစာ များတွင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဘက်မလိုက်လှုပ်ရှားအဖွဲ့ မူဘောင်အောက်၌ နှစ်နိုင်ငံနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခဲ့မှု ၊ သမိုင်းကြောင်းအရ ခိုင်မာကောင်းမွန် သော ဆက်ဆံရေးများနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
************
Ambassador/ Charge d’ Affaires of Myanmar Embassy to Serbia pays Courtesy Call on Chief of Diplomatic Protocol Department of the Ministry of Foreign Affairs of Serbia
(13-3-2026, Belgrade)
Ambassador / Charge d’ Affaires of the Embassy of the Republic of the Union of Myanmar to the State of Serbia U Than Htwe paid Courtesy Call on Mr. Branko Radovanovic , Chief of Diplomatic Protocol Department at the Ministry of Foreign Affairs of the Republic of Serbia this morning at 11:00 hrs on 13 March 2026.
During the meeting, they exchanged views on matters related further strengthening the bilateral relations between Myanmar and Serbia as well as enhancing cooperation in multilateral forums. They also reviewed the close cooperation between the two countries within the framework of the Non- Aligned Movement, reflected on their longstanding historical ties between Myanmar and Serbia.